ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး
ဟင်္သာတ၊ ဒီဇင်ဘာလ ၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့်တာဝန်ရှိသူများသည် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ ဒူးယားမြို့အမှတ် (၁) ရပ်ကွက်အတွင်းနှင့်ဟင်္သာတမြို့၊ ဆကာရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုပါသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အမျိုးသားခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ တပ်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် -၃ ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုကိုကြည့်ရှုပြီး ပြည်သူများလက်ဝယ်အရောက် ကဒ်ပြားများပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးသည် ဟင်္သာတ မြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာများ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ Geotextile ကမ်းထိန်းတမံ အလျား(၅၀၀၀)ပေ၏ RD (၃,၉၀၀)နှင့် RD (၄,၂၀၀) ကြားတွင် အလျား (၁၅၀)ပေ၊ အနံ (၁၅)ပေခန့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာအား လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်၍ တင်ပြရာ ဝန်ကြီးက တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#MNP #News #2025Election





No comments:
Post a Comment