ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး Door to Door စနစ်ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး



ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးမြို့နယ်များတွင် ဆန္ဒမဲပေးပိုင်ခွင်ရှိသူများ မဲပေးပိုင်ခွင်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေးပြည့်ဝစွာ ရရှိစေရေးအတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုပြီး ရပ်ကွက်နေပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် မင်္ဂလာဒုံ မြို့နယ်၊ တိုးချဲ့ရပ်ကွက်၊ ပတ္တားမြားလမ်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ဗိုလ်တေဇလမ်းနှင့် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အေဝမ်းလမ်း၊ အေဝမ်းကွန်ဒိုတို့တွင် တာဝန်ရှိသူများ၏ မဲစာရင်းများ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနေမှုများကို ကြည်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆) ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။


ဇွဲထက်ကို 

#MNP #News #2025Election


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)