ဗင်နီဇွဲလားနိုင်ငံထဲကို အမေရိကန်က ပထမဆုံး ဝင်တိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားနိုင်ငံထဲကို အမေရိကန်က ပထမဆုံး ဝင်တိုက်ပြီ


ဒီဇင်ဘာ - ၃၀ ( အင်္ဂါနေ့ ) 

ဗင်နီဇွဲလားကမ်းရိုးတန်းတစ်လျှောက်ရှိ အဆောက်အအုံကြီးတစ်ခုကို အမေရိကန်တပ်များက ဖျက်ဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်တာက ဗင်နီဇွဲလား နိုင်ငံအတွင်းကို အမေရိကန်က ပထမဆုံးသော ကုန်းတွင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

သောကြာနေ့က WABC သတင်းဌာနက ထရမ့်နဲ့ လုပ်ခဲ့တဲ့  ရေဒီယိုအင်တာဗျူးတစ်ခုတွင် အမေရိကန်စစ်တပ်ရဲ့ လုပ်ဆောင်မှုကို ပထမဆုံးဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ “ ကျနော်တို့က ကမ်းခြေမှာ ရှိတဲ့ စက်ရုံ တစ်ခုကို တိုက်ခိုက်လိုက်တာပါ ။ သင်္ဘောတွေထွက်နေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ တော်တော်လေးပျက်စီးအောင် ကို တိုက်ခိုက်လိုက်တာပါ” လို့ ပြောပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူနဲ့  တနင်္လာနေ့က ထရမ့်ရဲ့ စံအိမ် မာရာလာဂို မှာ ရှိနေစဉ် ထရမ့်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေတာပါလို့ ပြောခဲ့ပါတယ်။ “မူးယစ်ဆေးတွေတင်တဲ့ လှေတွေထွက်နေတဲ့ သင်္ဘောဆိပ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်”လို့  ၎င်းက ဆိုပါတယ်။ 

စစ်ဆင်ရေး နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်မလာသေးပါဘူး။ စက်ရုံတည်နေရာ၊ တိုက်ခိုက်မှုနည်းလမ်း၊ ထိခိုက်ပျက်စီးမှုများနှင့် အသေအပျောက် ဖြစ်နိုင်ချေများကို လောလောဆယ် မသိရသေးပါဘူး ။ ပင်တဂွန်နှင့် အမေရိကန်တောင်ပိုင်း စစ်ဌာနချုပ်တို့ကလည်း မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသလို အိမ်ဖြူတော်ကလည်း သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ရွှေ့ဆိုင်းထားပါတယ်။ 

အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်တယ်လို့ ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပြီး သမ္မတ နီကိုလက်မာဒူရို  ကို ဖိအားပေးရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအတွင်း လျှို့ဝှက် CIA စစ်ဆင်ရေးများကို ခွင့်ပြုပေးခဲ့ပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)