ငရုတ်ကောင်း ၊ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မြို့မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၅)ရက်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်ထားရှိမည့် အခြေခံပညာကျောင်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမီးဘေးအန္တရာယ်ကင်းစေရေး လိုက်လံစစ်ဆေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်း၊ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့် အခြေခံပညာကျောင်းများတွင် လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေ၊ လျှပ်စစ်ကင်းစင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူး စနစ်တစ်ကျထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment