လွိုင်ကော် ၊ ဒီဇင်ဘာ ၄
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိက ဘဏ္ဍာရေးနှစ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ မြို့ရေပေးဝေရေး လုပ်ငန်းများနှင့် မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး၊ မြို့တွင်းမြို့ပြင်လမ်းများ သာယာလှပရေး၊ ရပ်ကွက်များအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ရပ်ကွက်များ အလိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် ကောက်ခံရမည့် အခွန်၊ အခ၊ အကောက်များကို လျာထားချက် ပြည့်မီကျော်လွန်အောင် အလေးထားကောက်ခံကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း တက်ရောက်မည့် ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်စည်ပင်သာယာ ရုံးဝင်းအတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၁၀၂ ပေ x ၃၆ ပေ နှစ်ထပ်သံကူကွန်ကရစ် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေသည့် ဒေါနိုးကူးရပ်ကွက် ဒေါနိုးကူးလမ်းမကြီး တစ်လျှောက် ကွန်ကရစ်ကျောက်စီရေနုတ်မြောင်း ပလက်ဖောင်းအဖုံးပါ အရှည် ပေ ၄၂၅၀ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ဆောင်ရွက်ပြီးစီးရေး၊ ရေနုတ်မြောင်း အား ရေစီးရေလာကောင်းမွန်စေရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လမ်းနှင့်လမ်းပခုံး များအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းကျောင်းကန်သာ (၁) နှင့် (၂) ကန်ပတ်ဝန်းကျင် တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေး ကန်သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရှုခင်းသာပန်းခြံသို့ရောက်ရှိပြီး အများပြည်သူများ နေ့ရောညပါ လာရောက်လည်ပတ်နိုင်ရန် အလှပန်းပင်များနှင့် အလှဆင်မီးများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျောက်စီမြေထိန်းနံရံ တည်ဆောက် ပြီးစီးမှုနှင့် ပန်းခြံဝန်းကျင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ လွိုင်ကော်မြို့ နာရီစင်နှင့် ကန္ဒရဝတီ လမ်းမကြီး လမ်းဘေးဝဲယာတစ်လျှောက်တွင် မြို့သာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment