သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွား



သာစည်  ၊  ဒီဇင်ဘာ ၄


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် ၃၂၂ မိုင်၊ ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ ပိတောက်ရွှေဝါဆိပ်ကမ်းမှ မောင်းနှင်လာသော ဆီဘောက်ဆာ ၂၂ ဘီးယာဉ်သည် ဒီဇယ် ၇၈၀၀ ဂါလန်နှင့် 95 (၁၈၀၀) ဂါလန် စုစုပေါင်း ၉၆၀၀ ဂါလန်တင်ပြီး မောင်းနှင်လာခဲ့ရာမှ သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၂၂ မိုင်၊ ၁ ဖာလုံနှင့် ၂ ဖာလုံကြားအရောက်တွင် ဘရိတ်ရှူးငြိပြီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နောက်တွဲယာဉ် ယာဘက်တာယာ ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)