ဂန့်ဂေါ၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါ၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

 



ဂန့်ဂေါ   ၊ ဒီဇင်ဘာ ၄


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့မှစတင်၍ အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် အ.ထ.က(မြို့မ) ကျောင်းတို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်သည့် မူလတန်းနှင့် အလယ်တန်းဆင့်(ကျား/မ) (၄/၁၀၀)တုတ်ဆက်အပြေးပြိုင်ပွဲ၊ အထက်တန်းဆင့်(ကျား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အထက်တန်းဆင့်(ကျား/မ) ဘောလုံးပြိုင်ပွဲများကို အ.ထ.က(ဂန့်ဂေါ)တွင်လည်းကောင်း၊ မူလတန်းဆင့်(ကျား/မ) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလယ်တန်းဆင့်(ကျား/မ) ဖူဆယ်ဘောလုံးပြိုင်ပွဲများကို အ.ထ.က(မြို့မ)ကျောင်းတို့တွင်လည်းကောင်း (၂)နေရာခွဲ၍ ယှဉ်ပြိုင်ကစားလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အ.ထ.က(မြို့မ)ကျောင်း၌ မူလတန်းဆင့်(မ) ဖူဆယ်ဘောလုံးပြိုင်ပွဲများကိုကျင်းပရာ အ.လ.က(မြောက်ကုန်း)အသင်းနှင့် အ.လ.က(ခွဲ)(စည်ပင်)ကျောင်းအသင်းတို့ ယှဉ်ပြိုင်ကြရာတွင် အ.လ.က(မြောက်ကုန်း) အသင်းမှ တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မူလတန်းဆင့်(ကျား)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အ.မ.က(တပ်တွင်း)ကျောင်းအသင်းမှ အ.လ.က(ခွဲ)(စည်ပင်)အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။                                          

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ခံ ခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုး၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြများ၊ ကျောင်းသားမိဘများတက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားပြိုင်ပွဲများကို  ဒီဇင်ဘာ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)