ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေး တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေး တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

 



ကျွန်းစု  ၊ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့်မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက်  တတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက ကြေညာပြီး‌သော ဒုတိယအကြိမ် မဲစာရင်းတွင် ပုံစံ ၃၊ ပုံစံ ၄ နှင့် ပုံစံ ၄ (ဂ)တို့ဖြင့် လျှောက်ထားသည့် လျှောက်လွှာပါ အချက်အလက်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဆာဗာဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။

ကျွန်းစုမြို့နယ်သည် ရွေးကောက်ပွဲဆောင်ရွက်ခြင်း အပိုင်း ၂ တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေးနှင့် မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)