ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ ဟူသီအကြမ်းဖက်တွေကို ကုလ ခေါင်းဆောင်တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ ဟူသီအကြမ်းဖက်တွေကို ကုလ ခေါင်းဆောင်တောင်းဆို




ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

ယီမင်တွင် အကြမ်းဖက်မှုများ အရှိန်လျော့ပေးဖို့ နဲ့ ဟူသီခေါင်းဆောင်များက ဖမ်းထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၅၉ ဦးကို ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူချုုပ် အန်တိုနီယို ဂူတာရက်စ်က မနေ့က တောင်းဆိုလိုက်ပါတယ်။ 

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံတမန်ရေးရာအဖွဲ့များမှ ဝန်ထမ်းများပါဝင်တဲ့  အဆိုပါဖမ်းဆီးခြင်းအား "ထင်သလိုလုပ်နေတယ်" လို့ ကင်ပွန်းတပ်လိုက်ပါတယ်။ 

"ယီမင်ပြည်သူများအား ကူညီရန်အတွက် ၎င်းတို့ရဲ့အသက်ကို စွန့်ထားကြတဲ့ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကို ဆက်လက်ဖမ်းဆီးထားခြင်းက မတရားမှုသက်သက်ဖြစ်နေတယ်" လို့ ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 

"ကုလသမဂ္ဂ နဲ့ ၎င်း၏လုပ်ဖော်ကိုင်ဖက်များက ၎င်းတို့ရဲ့တရားဝင်တာဝန်များနှင့် စပ်လျဉ်းပြီး ပစ်မှတ်ထားတာတွေ၊ ဖမ်းဆီးထိန်းသိမ်းတာတွေကို ဘယ်သောအခါမှ မခံရစေရပါဘူး။ ကျနော်တို့ လုပ်နေတဲ့ အလုပ်တွေကို ဘယ်သူမှ ဝင်ရောက်စွက်ဖက် လို့မရပါဘူး။ ကျနော်တို့က ဒေသခံတွေကို အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာပါ။ ကျနော်တို့အလုပ် ကျနော်တို့လုပ်ခွင့်ရှိကို ရှိရပါမယ်” လို့ ပြောသွားပါတယ်။ 

ဟူသီအရာရှိများက ကုလသမဂ္ဂအလုပ်သမားသုံးဦးကို ယီမင်အထူးရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီများက ယီမင်နိုင်ငံမှာရှိတဲ့ ကုသမဂ္ဂဝန်ထမ်းတွေက အမေရိကန်၊ ဗြိတိန်၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့ နဲ့ ဆက်နွှယ်နေသည့် နိုင်ငံခြားသူလျှိုဆဲလ်များ၏ အဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲချက်ဖြင့် အလုပ်သမားများကို ဖမ်းဆီးထားတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယီမင်နိုင်ငံမှ အလုပ်သမားများကို လွှတ်ပေးရန် ဟူသီသူပုန်များကို တောင်းဆိုခဲ့ပါတယ်။ ဟူသီတို့က အဆိုပါ ဝန်ထမ်းများအား ဖမ်းဆီးခြင်းသည်  အတုအယောင် ဆောင်ရွက်မှုများဖြစ်ပြီး ဟူသီတို့ရဲ့ အာဏာတည်မြဲရန် နည်းလမ်းဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ်ပီဂတ်က ပြောကြားခဲ့ပါတယ်။ 


REF: UPI

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)