ခန္တီး ၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန် တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံ/အဆင့်မြင့်စက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က သင်တန်းဆင်းအမှာစကားပြောကြားပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဖြိုးမောင်မောင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်း သူမဇင်မာလွင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုလတ်စိုးတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ချီးမြှင့်ရာ ထူးချွန်ဆုရသင်တန်းသူ အသီးသီးကလက်ခံရယူခဲ့ကြသည်။
ထို့နောက် သင်တန်းသူ မမေရီမိုးက ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစု ပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းမှာ (၁-၁၁-၂၀၂၅)ရက်နေ့မှ (၃၀-၁၂-၂၀၂၅)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်ခဲ့ပြီးခန္တီးမြို့နယ်အတွင်းမှ သင်တန်းသူ(၁၅)ဦး တက်ရောက်သင်ကြားခဲ့ကာ စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
ကမ်းကီး
https://t.me/MyanmarNationalPost
No comments:
Post a Comment