ဟားခါးမြို့၌ မဲစာရင်းများ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးမြို့၌ မဲစာရင်းများ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်းစစ်ဆေး

 



ဟားခါး ၊  ဒီဇင်ဘာ ၄


၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မကျန်ရှိစေရေးအတွက် မဲစာရင်းများ အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၃ ရက်နေ့က ဟားခါးမြို့၊ မြို့ပေါ်ရပ်ကွက် ( ၈ ) ရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဟားခါးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ဦးဆောင်မှုဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)