ငါန်းဇွန် ၊ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ငါန်းဇွန်မြို့ပေါ် ရပ်ကွက် (၄) ခုရှိ မဲရုံ (၅) ရုံအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားရှိမှုအပေါ် ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုခဲ့ပြီး လာရောက်ကြည့်ရှုသူပြည်သူများအား မိမိတို့၏မဲစာရင်းအမှတ်စဉ်များ မှတ်သားထားကြပြီး ရွေးကောက်ပွဲနေ့တွင် မဲလာပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment