ဇီးကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်) ကပ်ထားကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်) ကပ်ထားကြေညာ



ဇီးကုန်း  ၊ ဒီဇင်ဘာ ၂၃


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများအား အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။  

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြသထားရှိမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုတို့တွင် အသက် ၁၈ နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိ‌ကြောင်းနှင့် မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည်နေ့ မဲရုံ၌ လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


တင့်ဆွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)