ဒီဇင်ဘာ - ၁ ( တနင်္လာနေ့ )
အိန္ဒိယသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်းထုတ် အင်ဂျင်များဖြင့် တာဝေးတိုက် ဒရုန်းများကို တီထွင်ရန် စီစဉ်နေကြောင်း အီကိုနိုမစ်တိုင်းမ် သတင်းဌာနက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
နိုင်ငံပိုင်အမျိုးသားလေကြောင်းအာကာသဓာတ်ခွဲခန်း (NAL) သည် မောင်းသူမဲ့လေယာဉ်များ (UAV) အသစ်များတွင် အိန္ဒိယမှထုတ်လုပ်ထားတဲ့ Wankel အင်ဂျင်များကို အသုံးပြုရန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ လက်ရှိမှာက အိန္ဒိယရဲ့မောင်းသူမဲ့စနစ် ဗားရှင်း အားလုံးနီးပါးရဲ့ အင်ဂျင်များကို နိုင်ငံခြားကုမ္ပဏီများဆီက ဝယ်သုံးနေရတာပါ။
NAL က ၎င်းရဲ့ မြင်းကောင်ရေ ၃၀ Wankel အင်ဂျင်သုံးပြီး ကိုးနာရီအထိ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့လေယာဉ်များကို တီထွင်မှာပါ။ အဲ့ဒိ နည်းပညာအရ UAV များသည် မိုင် ၅၆၀ ကျော်အကွာရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်မယ်လို့ မှန်းထားပါတယ်။
အတိအကျမဟုတ်တဲ့ သတင်းများအရ မြင်းကောင်ရေ ၅၀ အားရှိ အင်ဂျင်နဲ့လည်တဲ့ ဒရုန်း ထွက်နေပြီလို့ သိထားရပါတယ်။ လက်ရှိစမ်းသက်နေတဲ့ မြင်ကောင်ရေ ၃၀ သုံး ဒရုန်းတွေ အောင်မြင်သွားရင် ပိုမိုလေးလံပြီး UAV အမျိုးအစားများကို မြှင့်တင်ပေးနိုင်တဲ့ မြင်းကောင်ရေ ၉၀ အင်ဂျင်ကိုလည်း မျှော်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
သဘောတူညီချက်အရ NAL သည် နည်းပညာများကို လွှဲပြောင်းပေးပြီး ဒရုန်းများကို တီထွင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး SDAL သည် နိုင်ငံနှင့်ပြည်ပတွင် ထုတ်လုပ်ရေးနှင့် ဈေးကွက်ချဲ့ထွင်မှုကို ကြီးကြပ်မှာဖြစ်ပါတယ်။
အခုထွင်နေတဲ့ဒရုန်းက Global Positioning System (GPS) နည်းပညာ အလုပ်မလုပ်တဲ့ ပတ်ဝန်းကျင်တွင် လည်ပတ်နိုင်မှာဖြစ်ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment