အောင်လံမြို့ ရုံးရှေ့မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်စာစောင် ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့ ရုံးရှေ့မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်စာစောင် ပြသ

 



အောင်လံ  ၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးနံရံကပ်ပိုစတာများနှင့် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ပြသထားကြောင်း သိရသည်။

အာကာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)