နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး


နောင်ချို၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲ‌ပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံပညာကျောင်းများ၌ မဲရုံများပြင်ဆင် ထားရှိမှုကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာကွပ်ကွမှုအဖွဲ့စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး သူရိန်မင်းသိန်းနှင့် တာဝန်ရှိသူများ၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များနှင့်တွေ့ဆုံကာ  မဲရုံများတွင်လွှတ်တော်အလိုက် MEVMစက်ဖြင့် ဆန္ဒမဲပေးမည့် နေရာများ ပြင်ဆင်ထားမှုအခြေအနေများ၊ဆန္ဒပြုခန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ နောင်ချိုမြို့နယ်၌ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ မဲရုံ (၅၆)ရုံ၌ ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)