ကရသူရိမြို့၌ ပြည်သူများ မဲစာရင်း မကျန်ရှိစေ​ရေး တာဝန်ရှိသူများကွင်းဆင်း​ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့၌ ပြည်သူများ မဲစာရင်း မကျန်ရှိစေ​ရေး တာဝန်ရှိသူများကွင်းဆင်း​ ဆောင်ရွက်



ကရသူရိ  ၊ ဒီဇင်ဘာ ၃


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊မပါ သိရှိနိုင်ရန်အတွက် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းမှစ၍မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင်စာရင်းကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများကစာရင်းကောက်ယူရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်ရရှိရေး၊ မဲစာရင်းတွင်ပါရှိရေး၊မဲပေးခွင့်မဆုံးရှုံးစေရေး၊ မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါကထည့်သွင်းပေးရန်တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့်အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါကကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကိုပြင်ဆင်ရန်ရှိပါကပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့မှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။


ကရသူရိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)