မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးနေမှုကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးနေမှုကြည့်ရှုအားပေး



ကျောက်ဆည်  ၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ ပလိပ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် ၈နာရီက စဉ့်ကိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ မဲစာရင်းများမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ပလိပ်ကျေးရွာအုပ်စု၊ ဘူတာရပ်၊ ဈေးတန်း၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၊ ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာ၊ သိန်းနီကုန်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၊ စဉ့်ကိုင်မြို့ တရုတ်စုရပ်ကွက်များသို့ ကွင်းဆင်း၍ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး၊ မဲစာရင်းများမှန်ကန်ရေး ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)