ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




ခရမ်း    ၊  ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဖူဆယ်ဘောလုံးအသင်း (၈) သင်းတို့က အုပ်စုပတ်လည် ယှဥ်ပြိုင်ကစားခဲ့ကြပြီး အမှတ်အများဆုံး အ.ထ.က (၁) အသင်းနှင့် အ.ထ.က (၂) မြို့မအသင်းတို့က ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အနိုင်ရဗိုလ်စွဲသွားသော အ.ထ.က (၁) အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော အ.ထ.က (၂) အသင်းနှင့် တတိယဆုရရှိသော အ.ထ.က (ကွမ်းမိုးဒိန်း) အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများအားလည်း‌ကောင်း၊ နှစ်သိမ့်ဆုရရှိသော အသင်းများနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားဆုများကိုလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ခရမ်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)