ကော့သောင်းမြို့၌ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၌ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ




ကော့သောင်း  ၊ ဒီဇင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ည‌(၆)နာရီက နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်၍ (မြေစာရင်း၊အား/ကာ၊လဝက၊ဆေးတပ်) ဌာနဆိုင်ရာအသင်း(၄)ဖြင့် သတ်မှတ်ရက်အလိုက် ယှဉ်ပြိုင်ကစားခဲ့ကြပြီးအကြို ဗိုလ်လုပွဲပြိုင်ပွဲမှအနိုင်ရအသင်းများဖြစ်ကြသော မြေစာရင်း အသင်းနှင့် အား/ကာအသင်းတို့အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ကြရာ မြေစာရင်းအသင်းမှ (၆-၂) ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲယှဉ်ပြိုင်မှုအား ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)