မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 



ချမ်းအေးသာစံ ၊ ဒီဇင်ဘာ ၁၀


မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ခေတ္တဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်က နည်းမျိုးစုံကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါကြောင်း၊ လျှပ်စစ်သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့်ဖြူးပေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံရှိ ရေအားလျှပ်စစ်စက်ရုံအား ပုံမှန်အတိုင်း စွမ်းအားပြည့်လည်ပတ်နိုင်ရန် ဆောင်ရွက်နေပါကြောင်းနှင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ ခေတ္တဥက္ကဋ္ဌ ဦးတင်အောင်က မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ချမ်းမြေ့မောင်(ချမ်း/စံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)