ပိုက်ဆံ မပေးဘဲနဲ့ ကျနော်တို့က ဘယ်လိုလုပ်ရွေးကောက်ပွဲ လုပ်ပေးလို့ရမလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုက်ဆံ မပေးဘဲနဲ့ ကျနော်တို့က ဘယ်လိုလုပ်ရွေးကောက်ပွဲ လုပ်ပေးလို့ရမလဲ


ဒီဇင်ဘာ - ၁၃ ( စနေနေ့ ) 

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလင်စကီး ရဲ့ အကြီးတန်းအကြံပေး မီခေးလ် ပိုဒိုလစ်ခ် က ရွေးကောက်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်နေပေမဲ့ အနောက်နိုင်ငံများရဲ့ ရန်ပုံငွေပံ့ပိုးမှု မပါဘဲနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့က အခက်အခဲတွေ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ 

ဇီလန်စကီးရဲ့ သမ္မတသက်တမ်းက ၂၀၂၄ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးသွားပြီးပြီ ဆိုပေမဲ့ စစ်အုပ်ချုပ်ရေး ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆိုထားပါတယ်။ ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအနေနဲ့  လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခကိုအကြောင်းပြပြီး ရွေးကောက်ပွဲကို လုပ်ဖို့ နှောင့်နှေးအောင် လုပ်စရာမလိုဘူးလို့ ဆိုခဲ့ပါတယ်။ 

မော်စကိုကတော့ သမ္မတ အရည်အချင်း မပြည်စုံတဲ့ ဇီလန်စကီးနဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုဖို့ ဆိုတာက နောက်ပိုင်းမှာ အရှုတ်အရှင်းတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောထားတာရှိပါတယ်။ 

ဇီလန်စကီး ကတော့ ယခုသီတင်းပတ်အတွင်း ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ကြေညာကာ “အာဏာကို ဆုပ်ကိုင်ထားရန် ကြိုးပမ်းနေခြင်းမဟုတ်ကြောင်း၊ ဒါပေမဲ့ ကိယက်ဗ်ရဲ့ မဲပေးစဉ်ကာလအတွင်း လုံခြုံရေးသေချာစေရန် အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှ အကူအညီ လိုအပ်နေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ပိုဒိုလစ်ခ် က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် ပါလီမန်အား ဇီလန်စကီးက  တောင်းဆိုထားတာရှိခဲ့ကြောင်း သူ့ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာ အကောင့်မှာ မနေ့က ရေးတင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်ဖို့ အခြေအနေ သုံးရပ် ပြည့်မီမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ 

"မဲပေးနေတဲ့ နေရာတွေမှာ  ဒုံးကျည်တွေ၊ ဒရုန်းတွေ ရောက်မလာဖို့လိုပါတယ်။ ဒါကြောင့် တစ်ခုတည်းသော လက်တွေ့ကျသော လမ်းကြောင်းက အပစ်အခတ်ရပ်စဲ ထားမှ ဖြစ်နိုင်မယ်” လို့ ဆိုပါတယ်။ 

နောက်ပြီး ရွေးကောက်ပွဲက ရှေ့တန်းနှင့် ရှေ့တန်းဇုန်များအထိ အရောက်သွားရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

နောက်ဆုံး တစ်ချက်က “သန်းနှင့်ချီနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ” မဲပေးနိုင်ဖို့အတွက် လုပ်ငန်းစဉ် က “ရှုပ်ထွေးပြီး ငွေကုန်ကြေးကျများ”မှာဖြစ်လို့ ယူကရိန်းအစိုးရ အနေနဲ့ အထောက်အပံ့တွေလိုတယ်လို့လည်း ဆိုပါတယ်။  


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)