ထိုင်ဝမ်မှာ ထိုင်းပြည်တန်ဆာတွေကို အုပ်စုလိုက်ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်ဝမ်မှာ ထိုင်းပြည်တန်ဆာတွေကို အုပ်စုလိုက်ဖမ်းမိ


ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

ထိုင်ဝမ် ရဲတပ်ဖွဲ့က တိုင်နန်မြို့ရှိ အလှပြင်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရာမှာ တရားမ၀င် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေတယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအနှိပ်သမ ခြောက်ဦးကို ဖမ်းဆီးခဲ့ရပါတယ်။ စီးနင်းမှုအတွင်းမှာ ထိုင်ဝမ်သား ဖောက်သည် တစ်ဦးကိုလည်း လိင်ပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ 

ရှန်ဟွာရဲစခန်းမှ တာဝန်ရှိသူများက အဆိုပါအနှိပ်ခန်းအား ပြည့်တန်ဆာလုပ်ငန်း လျှို့ဝှက်လုပ်ဆောင်နေကြောင်း သတင်းပေးချက်အရ ဒီဇင်ဘာ ၁၀ ရက်က စီးနင်းရှာဖွေခဲ့ပါတယ်။ အဆိုပါလုပ်ငန်းသည် ဝဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းများစွာမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ကြော်ငြာထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပါတယ်။ 

ကြော်ငြာများတွင် ဖောက်သည်များအား ကိုယ်ရေးကိုယ်တာအကြိုက်ပေါ်အခြေခံပြီး ခန်းမတွင် အမျိုးသမီးများကို ရွေးချယ်ရန် ဖိတ်ခေါ်လို့ ရပါတယ်လို့ ကြော်ငြာထားပါတယ်။ အဲ့ဒိအနှိပ်ခန်းက တစ်ချိန်ကို ထိုင်ဝမ် ငွေ ၁၇၀၀ မှ ၂၅၀၀ အထိ စျေးနှုန်းများဖြင့် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများ အစုံအလင်ကို ပေးဆောင်နေပါတယ်ဆိုပြီး ကြော်ငြာထားပါတယ်။ 

စုံစမ်းစစ်ဆေးမှုအတွင်း လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ရှာဖွေနေတဲ့ ဖောက်သည်များက အနှိပ်ခန်း ဝင်ရောက်ရန် လျှို့ဝှက်အနောက်ဝင်ပေါက်ကို အသုံးပြုရန် ညွှန်ကြားထားကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီး ၎င်းတို့အား အာရုံစူးစိုက်မှုမှရှောင်ကြဉ်ကာ တရားမဝင်လုပ်ဆောင်မှုများကို ဖုံးကွယ်နိုင်ထားခဲ့ပါတယ်။ 

အခင်းဖြစ်ရာနေရာမှာပဲ အနှိပ်ခန်းပိုင်ရှင် ထိုင်ဝမ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နောက်ပြီး ချိုင်လို့ခေါ်တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း စက်ရုံမှာ အလုပ်ပေးမယ်ဆိုပြီး ခေါ်ယူထားတာကို တွေ့ခဲ့ရပါတယ်။ 


REF: Thaiger

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)