တရုတ်က သက်တမ်းကုန်တော့မဲ့ စင်ကာပူဘတ်စ်ကားတွေကို လျှပ်စစ်ဘတ်စ်တွေနဲ့ အစားထိုးပေးမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်က သက်တမ်းကုန်တော့မဲ့ စင်ကာပူဘတ်စ်ကားတွေကို လျှပ်စစ်ဘတ်စ်တွေနဲ့ အစားထိုးပေးမယ်



ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) 

စင်္ကာပူပြည်တွင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ၎င်းတို့ရဲ့ တရားဝင်သက်တမ်းကုန်ဆုံးတော့မဲ့ ဒီဇယ်ဘတ်စ်ကားများနေရာမှာ အစားထိုးရန်အတွက် ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှ စပြီး ဖြည်းဖြည်းချင်း ချထားပေးမည့် ရိုးရိုး ဘတ်စ်ကား ၃၆၀ နဲ့ ၂ထပ်ဘတ်စ်ကား ၃၀၀ တို့အပါအဝင် လျှပ်စစ်ဘတ်စ်ကားအသစ် ၆၆၀ အတွက် ကန်ထရိုက် ၆ ခုကို တရုတ်နဲ့ ချုပ်ဆိုခဲ့ပါတယ်။ 

မနေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် LTA က လျှပ်စစ်နှစ်ထပ်ဘတ်စ်ကားများကို ပထမဆုံး အကြီးစားဝယ်ယူမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းအများပိုင်ဘတ်စ်ကားယာဉ်စု အတွက် လျှပ်စစ်ဓာတ်အားကို ပံ့ပိုးပေးရန်အတွက်လည်း လျှပ်စစ်-ယာဉ်အားသွင်းစနစ်များ တပ်ဆင်ရန် အာဏာပိုင်များက နိုဝင်ဘာလတွင် တင်ဒါထုတ်ပြန်ခဲ့ပါတယ်။ 

စင်္ကာပူသည် ၂၀၄၀တွင် အများသုံးဘတ်စ်ကားများအားလုံးကို လျှပ်စစ်ကားများအဖြစ် ထားရှိရန် စီစဉ်ထားပြီး ၂၀၃၀ တွင် လျှပ်စစ်ဘတ်စ်ကား အစီးရေကို ထက်ဝက်ခန့် ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။  လာမည့်နှစ်များတွင်လည်း လျှပ်စစ်ဘတ်စ်ကားများအတွက် တင်ဒါများ ပိုများလာမယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စင်္ကာပူသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမဖြစ်နိုင်သော အကြီးစားယာဉ်ပိုင်ရှင်များကို ထောက်ပံ့ရန် နဲ့ လျှပ်စစ်အကြီးစားယာဉ်များအတွက် အားသွင်းကွန်ရက်ကို ချဲ့ထွင်ရန် လုပ်ဆောင်နေပြီ လို့ သိရပါတယ်။  ပရိုဂရမ်နှစ်ခုစလုံးကို ၂၀၂၆  ဇန်နဝါရီ ၁ ရက် တွင် စတင်မည်ဖြစ်ပြီး လျှပ်စစ်ဘတ်စ်ကား တစ်စီးက သုံးနှစ်ကြာအသုံးပြုနိုင်မယ်လို့ သိရပါတယ်။  


REF: CGTN

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)