မိုးနဲ ၊ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က “ဒို့အတူ မဲပေးကြမည်” အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာပြည်သူများ၊ ဈေးဆိုင်များ၊ အမှတ်(၁)မိုးနဲအခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး “ဒို့အတူ မဲပေးကြမည်” စာသားနှင့် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” စာသားများလက်ကမ်းစာစောင်တွင်ပါရှိကြောင်း သိရသည်။
ဇင်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment