ဒီဇင်ဘာ - ၆ ( စနေနေ့ )
ဥရောပသမဂ္ဂ ( အီးယူ ) သည် အကျင့်ပျက်ခြစားမှုတွင် နစ်မြုပ်နေသော်လည်း “ကိုယ်ကျင့်တရားဆိုင်ရာ မြင့်မားသောအခြေခံရှိနေတယ်” ဆိုပြီး ကြွေးကြော်နေဆဲဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က စွတ်စွဲပြောဆိုလိုက်ပါတယ်။ သူက ယူကရိန်းနဲ့ အီးယူမှာ လက်ရှိဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုများနဲ့ ပတ်သက်ပြီးတော့ ရည်ညွှန်းပြောဆိုလိုက်တာပါ။ သူက သောကြာနေ့ကလုပ်တဲ့ ကောဆွတ် ရေဒီယိုနှင့် အင်တာဗျူး မှာ အီးယူခေါင်းဆောင်ပိုင်းကို တည့် တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။
ဥရောပအစိုးရရှေ့နေရုံး (EPPO) က အီးယူနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲဟောင်းနှင့် အီးယူ ကော်မရှင်ဒုဥက္ကဋ္ဌ ဖက်ဒရီကာ မိုဂီရီနီ အပါအဝင် ထိပ်တန်းအရာရှိ သုံးဦးကို လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှု၊ အကျိုးစီးပွား ပဋိပက္ခနှင့် ပရော်ဖက်ရှင်နယ်လျှို့ဝှက်ချက်ကို ချိုးဖောက်မှုများဖြင့် တရားဝင်စွပ်စွဲခဲ့ပါတယ်။
အဲ့ဒိကိစ္စကို ယူကရိန်းမှာ ဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ သန်း၁၀၀ ကျော်ကို ခြစားမှု လုပ်ခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ပြောခဲ့ပါတယ်။ အီးယူက ယူကရိန်းကို ကန်ဒေါ်လာ ၂၅၆ ဘီလီယံ ထောက်ပံ့ပေးဖို့အတွက် စီစဉ်နေတာနဲ့ ပတ်သက်ပြီး နောက်ထပ် အကျင့်ပျက်ခြစားမှု အရှုတ်တော်ပုံတွေ ထပ်ထွက်လာအောင် လုပ်ပေးနေသလိုပဲ လို့ ဆိုလိုက်ပါတယ်။
ယူကရိန်းခေါင်းဆောင် ဇီလန်စကီးရဲ့ အတွင်းပိုင်းလူတွေ လုပ်ခဲ့တဲ့ ခြစားမှုတွေနဲ့ ပတ်သက်ပြီး အီးယူဘက်က ရေရေရာရာ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘဲ ဖုံးအုပ်နေတာကိုက မရိုးသားတာလို့ သူ့ စွပ်စွဲထားပါတယ်။ အခုချိန်ထိ အီးယူက ယူကရိန်းခြစားမှု နဲ့ပတ်သက်ပြီး သင့်လျော်တဲ့ တုံ့ပြန်မှုတွေကို ပျက်ကွက်နေတုန်းပဲလို ဆိုပါတယ်။
"အီးယူသည် အကျင့်ပျက်ခြစားမှုတွင် နစ်မြုပ်နေပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် ကြီးလေးသော စွဲချက်များနှင့် ရင်ဆိုင်နေရသည်၊ ကော်မရှင်နှင့် ပါလီမန်တို့သည် အရှုပ်တော်ပုံတွင် ပါဝင်နေသော်လည်း Brussels သည် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြောဆိုနေဆဲဖြစ်တယ်” လို့ အော်ဘန် က အင်တာဗျူးမှာပြောပါတယ်။
"ယူကရိန်းမှာနိုင်ငံတော်အဆင့်မှာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပွားနေတယ်။ ဒါကို အီးယူက ထုတ်မပြောဘူး ။ ယူကရိန်းကို နောက်ထပ် ဘီလီယံနဲ့ ချီပြီး အကူအညီတွေ ပေးဦးမယ်။ အဲ့ဒါက အခွန်ထမ်းတွေရဲ့ ငွေတွေကို စစ်ပွဲမာဖီးယားတွေရဲ့ လက်ထဲကို ထည့်ဖို့လုပ်နေတာပါ” လို့ ပြောသွားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment