ဥရောပပါလီမန်ရှေ့မှာ လယ်သမားတွေ ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပပါလီမန်ရှေ့မှာ လယ်သမားတွေ ဆန္ဒပြ


ဒီဇင်ဘာ - ၁၉ ( သောကြာနေ့ )

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ လယ်သမားတွေက ကုန်သွယ်ရေးမူဝါဒနှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် ဒေါ်သထွက်ပြီး ဆန္ဒပြမှုဖြစ်ပေါ်နေပါတယ်။ မနေ့က ဥရောပပါလီမန် အဆောက်အအုံ အပြင်ဘက်မှာ လယ်သမားထောင်ပေါင်းများစွာက လယ်ထွန်စက်များဖြင့် လမ်းများပိတ်ဆို့ထားလို့ အဓိကရုဏ်းနှိမ်နင်းရေးရဲများ နဲ့ ထိပ်တိုက်တွေ့ပြီး ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ 

အီးယူက တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ဖြစ်တဲ့ မာကိုဆာအဖွဲ့နဲ့  အငြင်းပွားဖွယ် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို ပြုလုပ်ပြီး ဘုံစိုက်ပျိုးရေးမူဝါဒအပြောင်းအလဲကိုလုပ်ဖို့ ကြိုးစားနေတဲ့အတွက် အဲ့ဒါကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲက လျင်မြန်စွာ ဖြစ်လာကာ ပရမ်းပတာတွေဖြစ်ပေါ်နေခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ လယ်သမားတွေက ကားတာယာတွေကိုမီးရှို့ ၊ ကောက်ရိုးထုံးတွေကို မီးရှို့ပြီး မီးခိုးလုံးတွေနဲ့ မွှန်ထူနေတဲ့ မီးလုံးကြီးတွေကို လယ်ထွန်စက်တွေနဲ့ တွန်းလာပြီး  ရဲအတားအဆီးတွေကို တိုက်ထုတ်ပစ်နေတာကို တွေ့ရပါတယ်။ 

ဆန္ဒပြသမားတွေက ပါလီမန်အဆောက်အအုံတွေရဲ့ ပြတင်းပေါက်များကို ကျောက်ခဲများ၊ အာလူးများနှင့် အခြားအရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြလို့ ရဲတွေက မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များဖြင့် ဆန္ဒပြသမားတွေကို  တုံ့ပြန်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်များက ဧရိယာရှင်းလင်းရန် ကြိုးပမ်းစဉ် ဆန္ဒပြသူ အချို့ကို ရိုက်နှက်ပြီး မြေပြင်ပေါ်သို့ လှဲကာ ဖမ်းဆီးခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံ အာဏာပိုင်များက ဆန္ဒပြမှုမှာ လယ်ထွန်စက် အရေအတွက် အကန့်အသတ်ဖြင့် ခွင့်ပြုထားသော်လည်း မွန်းလွဲပိုင်းမှာ ကားအစီးရေ ၁,၀၀၀ ခန့် က မြို့တော်ကို လွှမ်းခြုံခဲ့ပြီး စုစုပေါင်း ဆန္ဒပြသူ ၇,၀၀၀ ခန့်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။  ညနေပိုင်းတွင် ရဲများက ဧရိယာတစ်စိတ်တစ်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပေမဲ့လယ်ထွန်စက်များ နဲ့ ဆန္ဒပြသူများက မြို့ရဲ့ အစိတ်အပိုင်းတော်တော်များများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံ၊ ပြင်သစ် နဲ့ အခြား အီးယူ နိုင်ငံတွေက  လယ်သမားများသည် တောင်အမေရိကမှ ဈေးသက်သာသော စိုက်ပျိုးရေးသွင်းကုန်များကို တံခါးဖွင့်ပေးမှာကို စိုးရိမ်သဖြင့်ဆန္ဒပြကြတာဖြစ်ပြီး ဥရောပမှာက တင်းကျပ်သော သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန် သက်သာချောင်ချိရေး စံနှုန်းများကို လိုက်နာနေရတာဖြစ်လို့ ထုတ်ကုန်တွေက ဈေးကြီးနေရတာပဲ ဖြစ်ပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)