အိန္ဒိယက နျူ့ကလိယလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပေးပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယက နျူ့ကလိယလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပေးပြီ


ဒီဇင်ဘာ - ၁၉ ( သောကြာနေ့ ) 

အိန္ဒိယက နျူကလီးယားကဏ္ဍကို ပုဂ္ဂလိကကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးနိုင်ရန်အတွက် ဥပဒေအသစ်တစ်ရပ် ကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၄၇ ခုနှစ်တွင် အဏုမြူမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်းကို ၁၀၀ ဂစ်ဂါဝပ် (GW) အထိ မြှင့်တင်ရန် ရည်ရွယ်တဲ့ ရေရှည်အသုံးချ နဲ့ နျူ့စွမ်းအင်မြှင့်တင်ရေး အိန္ဒိယအပြောင်းအလဲ (SHANTI) ဥပဒေကြမ်း ကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ပါတယ်။ 

"ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်ဆီသို့ ဦးတည်နေပါတယ်။ ကျနော်တို့က ၂၀၄၇ ခုနှစ်မှာ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ် ၁၀၀ ဂစ်ဂါဝပ်ထုတ်ဖို့  ရည်မှန်းထားပါတယ်"လို့  ပြည်ထောင်စု ဝန်ကြီး ဂျီတန်ုရာဆင်းဂ် က လွှတ်တော်အမတ်များအား ပြောကြားခဲ့ပါတယ်။ 

အဆိုပါဥပဒေအရ နျူကလီးယားဓာတ်အားပေးစက်ရုံများလည်ပတ်ရန် ပုဂ္ဂလိကကုမ္ပဏီများအား လိုင်စင် ခွင့်ပြုပေးထားပြီး လောင်စာ နဲ့ နည်းပညာ ပေးသွင်းသူများအတွက် လက်ရှိမှာ အငြင်းပွားနေတဲ့ တာဝန်ရှိမှု အပိုဒ်ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မတော်တဆဖြစ်ခဲ့ရင် အော်ပရေတာတွေက လျော်ရမယ်ဆိုတဲ့ ကိစ္စရပ်ကို သင့်တော်အောင် ပြင်ဆင်ပေးလိုက်တာဲဖြစ်ပါတယ်။ 

လက်ရှိတာဝန်ယူမှု စံနှုန်းများကို နိုင်ငံခြားမှ နျူကလီးယားဓာတ်အားပေးစက်ရုံများမှ တင်သွင်းသည့် နျူကလီးယား နည်းပညာနှင့် စက်ကိရိယာများ တင်သွင်းမှုကို အတားအဆီးဖြစ်နေတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ 

နယူးဒေလီသည် ယခုနှစ်အစောပိုင်းတွင် နျူကလီးယားစွမ်းအင်မစ်ရှင်အတွက် ဖက်ဒရယ်ဘတ်ဂျက်တွင် ဒေါ်လာ ၂.၃၅ ဘီလီယံခွဲဝေပေးခဲ့ပါတယ်။  ရုရှားနျူကလီးယားစွမ်းအင်ကုမ္ပဏီ ရိုဆာတွမ် က အိန္ဒိယသို့ နျူနည်းပညာကို အဓိက ထောက်ပံ့ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ ၎င်းသည် အိန္ဒိယ၏ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံ ဖြစ်သည့် တမီလ်နာဒူးပြည်နယ်တောင်ပိုင်းရှိ ကူဒန်ကူလမ် နူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ၆ ဂစ်ဂါဝပ်ထွက်အောင် တည်ဆောက်ပေးနေပါတယ်။  အိန္ဒိယသည် သမားရိုးကျ ဓာတ်အားပေးစက်ရုံများ မဖြစ်နိုင်တဲ့ ဝေးလံခေါင်သီသော ဒေသများတွင် သေးငယ်သော မော်ဂျူလာ ဓာတ်ပေါင်းဖိုများ တပ်ဆင်ရန် နည်းလမ်းများကို ရှာဖွေနေပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)