ဒေးဒရဲ ၊ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယမန်နေ့ညနေ (၄) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက အုန်းပင်ကျေးရွာသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်သင့်ပဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ မဲပေးခွင့်ရှိသူများအားလုံး မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေး၊ မပါဝင်သင့်သူများ မပါဝင်စေရေးတို့အတွက် လိုအပ်သည့်ပုံစံများ ဖြည့်သွင်းဆောင်ရွက်နေမှုများကို စနစ်တကျလုပ်ဆောင်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment