သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


သထုံ  ၊ ဒီဇင်ဘာ ၁၀


မွန်ပြည်နယ်၊ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၏ MVEM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ယခု Installation ပြုလုပ်မည့် မဲပေးစက်များ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံများတွင်အသုံးပြုမည့် မဲပေးစက်များဖြစ်ရာ အမှားအယွင်းတစ်စုံတစ်ရာ မပေါ်ပေါက်စေရေး အထူးအလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်း၊ ပြန်လည်အပ်နှံခြင်းတို့တွင် သက်ဆိုင်ရာလွှတ်တော်အလိုက်၊ စက်နံပါတ်များအလိုက် မှားယွင်းမှုမရှိစေရေး အလေးအနက်ထားကြီးကြပ်ကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် မဲပေးစက်များအား မြို့နယ်အဆင့်နည်းပညာအထောက်အကူပြုအဖွဲ့တို့နှင့် မြို့နယ်အလိုက် installation အဖွဲ့တို့က ရွေးကောက်ပွဲ၌ အသုံးပြုကြမည့် MVEM မဲပေးစက်များကို installation ပြုလုပ်ကြသည်။

အဆိုပါ installation ပြုလုပ်ခြင်းကို သထုံနှင့် ကျိုက်ထိုမြို့နယ်တို့မှ installation အဖွဲ့(၂၀)တို့ဖြင့် လေးရက်ကြာပြုလုပ်မည်ဖြစ်ပြီး ယင်းသို့ ပြုလုပ်နေမှုအား သထုံခရိုင်အတွင်းဆက်လက်ကျင့်ပမည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည့် ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတို့မှ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)