ထားဝယ် ၊ ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ထို့သို့ လက်တွေ့စမ်းသပ်မဲပေးနေမှုကို ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သင်တန်းသား/သူများ၊ ကျောင်းသား/သူများ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ကိုင်တွယ်ပုံ၊ လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးပုံ၊ မဲရုံခင်းကျင်းပုံစသည့်တို့ကို ကြည့်ရှုအားပေးရာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးသည်။
ထို့နောက် ထားဝယ်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား /သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်
https://t.me/MyanmarNationalPost
No comments:
Post a Comment