Naypyitaw State Academy ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စီးပွားရေးပညာမဟာဌာန မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

Naypyitaw State Academy ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စီးပွားရေးပညာမဟာဌာန မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၃၁

Naypyitaw State Academy၊ စီးပွားရေးပညာ မဟာဌာန၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက်က နှစ်ပိုင်းခွဲ၍ ကျင်းပရာ Naypyitaw State Academy ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ သင်တန်း၊ စီမံမှတာဝန်ရှိသူများ၊ ဝါဏိဇ္ဇဗေဒ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာ၊ စာရင်းအင်းပညာ၊ ဘောဂဗေဒ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာနှင့် စီးပွားရေးပညာအထူးပြု ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများက မင်းနေပြည်က တက္ကသိုလ်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

ထို့နောက် Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာ နုနုလွင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Naypyitaw State Academy ကို ဝင်ရောက်လာကြသည့် ကျောင်းသား မောင်မယ်များကို Naypyitaw State Academy က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊  စီးပွားရေးပညာရပ်များကို အထူးပြုတက်ရောက်ခွင့်ရရှိကြသော  ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း သက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားဆည်းပူးလေ့လာခွင့်ရရှိကြသူများဖြစ်သဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သယ်ပိုးထမ်းရွက်နိုင်သည့် ပညာရှင်များ ဖြစ်လာစေရန် ကြိုးစားသင်ယူလေ့လာကြရန် တိုက်တွန်းပြောကြားလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ သင်တန်းရေးရာ၊ စီမံရေးရာမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေး၍ သင်တန်းရေးရာဌာန ဌာနမှူး ဒေါ်ယဉ်မင်းသန့်က သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြသည်။

Naypyitaw State Academy တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ နျူကလီးယားရူပဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ လူမှုရေးပညာ၊ အားကစားပညာနှင့် ဆေးပညာအထူးပြုဘာသာရပ်များ၏ ပထမနှစ်မှ နောက်ဆုံးနှစ်ဂုဏ်ထူးတန်းအထိ ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)