မြောက်ဥက္ကလာ၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မီတာပုံးအောက်ရှိ မိန်းခုံအပူလွန်ကဲ၍ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၅၉ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသ်ရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁၃၀)၊ ကျောက်ရေတွင်းရပ်ကွက်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်းနှစ်ထပ်အဆောက်အဦ မီးလောင်နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန် မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက်မီးငြိမ်းသတ်ရာ နံနက် ၄ နာရီ ၁၃ မိနစ် အချိန် ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ ပိုင်ရှင် ဝေယံလင်းရွှေ ၊(ဘ) ဦးတင်ရွှေ ၊ အသက်(၄၄)နှစ်၏ အကျယ်အ၀န်း(၁၀×၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်းနှစ်ထပ် အဆောက်အဦ နှစ်ထပ် အောက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မီတာပုံးအောက်ရှိ မိန်းခုံအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အကျယ်အ၀န်း(၁၀×၅၀)ပေ ၊သွပ်မိုး ၊ အုတ်ညှပ် ၊ ပျဉ်ခင်းနှစ်ထပ် အဆောက်အဦရှိ ဆိုင်အတွင်း ရှိ ပျက်စီး ဆုံးရှုံးမှု စုပေါင်းတန်ဖိုး (၂၈၅၀၀၀၀)ကျပ်ခန့် မီး လောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မီး လောင်မှုကြောင့် ပိုင်ရှင် ဝေယံလင်းရွှေ ၊(ဘ) ဦးတင်ရွှေ ၊ အသက်(၄၄)နှစ်အား မြို့နယ်ရဲစခန်းတွင် (ပ)၄၅၉ /၂၀၂၅ /ပုဒ်မ-၂၅၈အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News #2025Election


No comments:
Post a Comment