ပုဇွန်တောင်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် လှုံ့ဆော်မှု (Campaign)များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေးလှုံ့ဆော်မှု(Campaign)များ ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူစည်ကားရာ ရပ်ကွက်များ၊ ဈေးဆိုင်များ၊ ကား မှတ်တိုင်များ၊ ဈေးများ စသည့်နေရာများတွင် ပြည်သူများလက်ဝယ်အရောက်(အခမဲ့) ဖြန့်ဝေပေး လျက်ရှိရာ ယနေ့တွင်လည်း “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များကို အထက်ပုဇွန်တောင်လမ်းမပေါ် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူများနှင့် စျေးဆိုင်ခန်းများအား လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု(Campaign)များ ဆောင်ရွက်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News #2025Election





No comments:
Post a Comment