မဟာအောင်မြေမြို့နယ်၌ မဲဆန္ဒရှင်များ၏ မဲစာရင်းများ လွယ်ကူစွာ ရှာဖွေနိုင်စေရန် Android Tablet PC များ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ မဲဆန္ဒရှင်များ၏ မဲစာရင်းများ လွယ်ကူစွာ ရှာဖွေနိုင်စေရန် Android Tablet PC များ ပေးအပ်




‎‎မဟာအောင်မြေ   ၊ ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန် မဲရုံမှူး၊ ဒုမဲရုံးမှူးများနှင့် မဲရုံတာဝန်ကျသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်များ၏ မဲစာရင်းများ လွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်စေရန် Android Tablet PC များကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပေးအပ်ခဲ့သည်။

‎ဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်စေရန် မဲရုံမှူး၊ ဒုမဲရုံးမှူးများနှင့် မဲရုံတာဝန်ကျသူများအနေဖြင့် မဲဆန္ဒရှင်များကို မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို အဆင်ပြေချောမွေ့အောင် မဲပေးနိုင်စေရန် တာဝန်ရှိသူများမှ စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် မိမိပေးအပ်သောတာဝန်များကို အောင်မြင်စွာဆောင်ရွက်စေလိုကြောင်း၊ အတူတူပူးပေါင်းပါဝင်ဆောင်ရွင်စေလိုကြောင်း စသည်များ ပြောကြားပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခရိုင်‌ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ဒုမဲရုံးမှူးများနှင့် မဲရုံတာဝန်ကျသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်များ၏ မဲစာရင်းများလွယ်ကူလျှင်မြန်စွာ ရှာဖွေနိုင်စေရန် Android Tablet PC ၇၀ ခုအား မဟာအောင်မြေမြို့နယ် ၁၈ ရပ်ကွက်အတွင်း မဲရုံပေါင်း ၇၀ ရှိ တာဝန်ကျ မဲရုံမှူးများထံ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Android Tablet PC များ ပေးအပ်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ခရိုင်‌ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)