သရက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသော ရင်သွေးငယ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသော ရင်သွေးငယ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေပေးအပ်




သရက် ၊  ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး သရက်မြို့ သရက်ခရိုင်ပြည်သူ့ဆေးရုံ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသော ရင်သွေးငယ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ငွေ ကျပ်(၁) သိန်း နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ချီးမြှင့်ငွေ ကျပ် (၅) သောင်းစီကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီး မွေးလူနာဆောင်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့၌ သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆင်ပေါင်ဝဲမြို့နယ် ရှားတိုင်းကြီးကျေးရွာနေ မိဘများက ကလေးငယ် ကျား(၁)ဦး၊ သရက်မြို့နယ် ဘော်ကျေးရွာနေ မိဘများက ကလေးငယ် ကျား(၁)ဦး၊ သရက်မြို့ တောင်မင်းတည်း ရပ်ကွက်နေ မိဘများက ကလေးငယ် မ တစ်ဦး စုစုပေါင်း ကလေးငယ်(၃)ဦးအား မွေးဖွားသန့်စင်ခဲ့ကြရာ အဆိုပါကလေးငယ်များအား ဂုဏ်ပြုသည့် အနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့့်ငွေ ကျပ်(၁)သိန်းနှင့် ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ ချီးမြှင့်ငွေ ကျပ်(၅)သောင်းတို့အား ခရိုင်ဆရာဝန်ကြီး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကလေးမိခင်များလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက် ( သရက် )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)