ကမမောင်းမြို့၌ ဒို့အတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမမောင်းမြို့၌ ဒို့အတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ



ကမမောင်း ၊  ဇန်နဝါရီ ၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) တွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း မဲပေးခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာသို့ ရှေ့တန်းအမှတ် (၈) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်ထိန်၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက်မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေမြန်ဆန်စေရေးအတွက် မဲစာရင်း အမှတ်စဉ်နှင့် မဲရုံတည်နေရာပါ Voter Slip များကို ရပ်ကွက်အလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှေ့တန်းအမှတ် (၈) စစ်ဆင်ရေးကွက်ကဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲစာရင်းကြေညာထားမှုအား ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုနေမှုကို သွားရောက်အားပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံနေရာများနှင့် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထားရှိသည့် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ၊ မဲရုံသုံးပစ္စည်းများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကမမောင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)