ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

 



နေပြည်တော် ၊ ဇန်နဝါရီ ၁၄

လူငယ်များအနေဖြင့် စာဖတ်ခြင်းကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းလာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးလာစေရန်နှင့် စာဖတ်ခြင်းမှတစ်ဆင့် ပျော်ရွှင်မှုနှင့် အသိပညာများကိုရရှိစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ‌ဆရာ သဘာဝ၊ ဆရာ အိုင်ပီ-မျိုးအောင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော် စာရေးဆရာ သဘာဝက လူငယ်စာဖတ်ဝိုင်းသည် လူငယ်တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အနာဂတ်အတွက်ပါ အကျိုးပြုနိုင်သော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ သုတ၊ ရသစာပေများကို စုံလင်စွာဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်ကို‌ဝေဖန်ပိုင်းခြားနိုင်ကာ တွေးခေါ်နိုင်စွမ်းမြင့်မားသည့် နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စာဖတ်ဝိုင်းကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းတွင် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သုတေသီဘုန်းမြင့်သွေးရေးသားသည့်"လူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်း"စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ၊ နားလည်သဘောပေါက်မှုများ မျှဝေဆွေးနွေးခဲ့ကြပြီး ဆရာ သဘာဝနှင့် ဆရာ အိုင်ပီ-မျိုးအောင်တို့က ဆွေးနွေးချက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ဆွေးနွေးခြင်းနှင့် ကိုယ်ပိုင်အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့‌ကြသည်။

စာဖတ်ဝိုင်းအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)