ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

 



ပဲခူးတိုင်းဒေသကြီး  ၊ ဇန်နဝါရီလ ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ တောင်ငူမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ဝေါမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အသီးသီးရှိ အလံတင်အခမ်းအနားကျင်းပရာနေရာများ၌ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များကအလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှပုဂ္ဂိုလ်များက စုပေါင်းအလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကိုကျင်းပကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာခရိုင်/မြို့နယ်များမှတာဝန်ရှိသူများက ဖတ်ကြားကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)