(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်



ဟားခါး ၊  ဇန်နဝါရီ ၄

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအလေးပြုကြသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။

ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် အဆင့်မြင့်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်က လည်းကောင်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ကလည်းကောင်း ၊ အဆင့်မြင့်ပညာစားပွဲတင်တင်းနစ် ၊ အခြေခံပညာအလယ်တန်းအဆင့်စာစီစာကုံးနှင့် အလွတ်တန်းပိုက်ကျော်ခြင်း ရိုက်ချက်အကောင်းဆုံး၊ ပင့်ထောင်အကောင်းဆုံးနှင့် နောက်ထိန်းအကောင်းဆုံးဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးကလည်းကောင်း၊ အဆင့်မြင့်ပညာစားပွဲတင်တင်းနစ်နှင့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း၊ အဆင့်မြင့်ပညာကြက်တောင်နှင့် အခြေခံပညာအလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း၊ အဆင့်မြင့်ပညာကြက်တောင်နှင့် အခြေခံပညာမူလတန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း၊ အခြေခံပညာအဆင့် ကျား၊ မ စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြသထားသည့် ဆုရစာစီစာကုံး၊ ကဗျာပြိုင်ပွဲစာမူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)