ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး



ရန်ကုန်၊ ဇန်နဝါရီ ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကွယ်လွန်သွားသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သံလွင်လမ်းအမှတ် ၁၁ (ဘီ) မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှိ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယမန်နေ့က သွားရောက်လက်မှတ်ရေးထိုးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုး သမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ ကိုယ်စား ဝမ်းနည်းမိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၊ ပြည်သူနှင့် မစ္စ ဘေဂမ်ခါလီဒါဇီယာ၏ မိသားစုဝင်များကို စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာသည် ၂၀၀၃ ခုနှစ် မတ် ၁၉ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)