နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များလာရောက်လှူဒါန်းမှုများကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် အလှူရှင်များလာရောက်လှူဒါန်းမှုများကို ကြည့်ရှုအားပေး

 

Uploading: 1858560 of 2722885 bytes uploaded.


ပျဉ်းမနား ဇန်နဝါရီ ၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် တပေါင်းကွင်းယာယီမီးဘေးကယ်ဆယ်ရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးထားရာ ကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒေါ်သရဖီစံနှင့်ညီအမများ၊ နေပြည်တော် ရေသန့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက လာရောက်လှူဒါန်းမှုများဆောင်ရွက်ကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ဦးစွာနေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဒေါ်သရဖီစံနှင့် ညီအမများက မီးဘေးသင့်ပြည်သူများအတွက် စောင်၊ ဂွပ်ကပ်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ပုဆိုး၊ လုံခြည်၊ မျက်နှာသုပ်ပုဝါများနှင့် အသုံးအဆောင်ပစ္စည်းများကို မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးကျော်က မီးဘေးသင့်ပြည်သူများအတွက် ရေသန့်ဗူးကြီး ၁၄၅ ဘူးနှင့် တစ်လီတာရေသန့် ၂၄၅ ကတ်ကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်က ယာယီမီးဘေးကယ်ဆယ်ရေးစခန်းအတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ အလှူရှင်များ၏ လာရောက်လှူဒါန်းမှုများအတွက် လက်ခံဆောင်ရွက်နေမှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာကိစ္စများဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)