၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ




ရန်ကုန် ဇန်နဝါရီ ၃

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ လက်ဝှေ့ဆပ်ကော်မတီ လက်ဝှေ့အားကစားရုံ Yangon Boxing Training Camp ရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲတွင် အမျိုးသမီး(၄၈) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၅၄) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသားသက်ငယ်(၄၄) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား သက်ငယ် (၄၆) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသားသက်ငယ် (၄၈) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား သက်ငယ် (၅၀) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (၅၆) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသမီးအထူးပြိုင်ပွဲတို့တွင် မြို့နယ်များမှ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုဆုရရှိခဲ့ကြသည့် အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အမျိုးသားသက်ငယ်တန်း အကောင်းဆုံးဆု၊ အမျိုးသမီး အကောင်းဆုံးဆုနှင့် အမျိုးသား အကောင်းဆုံးဆု၊ ဒိုင်အဖွဲ့နှင့် တံခွန်စိုက်ဆုဖလား ရရှိသည့် မင်္ဂလာဒုံမြို့အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသင်းလိုက် တံခွန်စိုက်ဆုဖလားကို အသီးသီး ချီးမြှင့်ခဲ့ကြပြီး အားကစားသမားများနှင့် တက်ရောက်လာကြသည်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)