လမိုင်းမြို့၌ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လမိုင်းမြို့၌ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

 


လမိုင်း၊  ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ရေးခရိုင်၊ လမိုင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲရုံများတွင် ယနေ့ နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူ အများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

မြို့အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ   ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက မဲပေးစက်များ မှန်ကန်ကောင်းမွန်စွာ အသုံးပြုနိုင်၍ မဲပုံးအတွင်း Clear ဖြင့်ကြောင်း အသိသက်သေများ၏ ရှေ့မှောက်တွင် ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ပြီး နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းနှင့် ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများကလည်း မိမိတို့၏ ဆန္ဒအလျောက် လွတ်လပ်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိ​​ကြောင်း သိရသည်။      

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)