ပုဇွန်တောင် ၊ ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင်ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများတွင် လာရောက်ဆန္ဒမဲပေးခဲ့ကြသည်။
ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀) ရပ်ကွက်ရှိပြီး မဲရုံပေါင်း (၂၁) ရုံရှိကာ ဒေသခံပြည်သူများသည် သက်ဆိုင်ရာရပ်ကွက်များရှိ မဲရုံအသီးသီး၌ အေးချမ်းသာယာစွာဖြင့် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲအပိုင်း (၂) တွင်ပါရှိသည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် (မဲအများဆုံးအနိုင်ယူစနစ်)၊ မဲဆန္ဒနယ်အမှတ် (၁)၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံးအနိုင်ယူစနစ်)၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment