ပြည်ကြီးတံခွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် မဲဆန္ဒရှင် ပြည်သူများ လာရောက်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် မဲဆန္ဒရှင် ပြည်သူများ လာရောက်ဆန္ဒမဲပေး




ပြည်ကြီးတံခွန် ၊ ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ နံနက်(၆)နာရီက စတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။မဲရုံတာဝန်ရှိသူများက နံနက်(၆)နာရီတွင် မဲရုံဖွင့်လှစ်ပေးပြီးနောက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။ပြည်ကြီးတံခွန်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၈) တို့တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၀၃၄၃၀  ဦး ရှိပြီး မဲရုံပေါင်း (၈၅)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။

ဇင်မင်းမောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)