ကျောင်းကုန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာ ပြည်သူများ စတင်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာ ပြည်သူများ စတင်ဆန္ဒမဲပေး



ကျောင်းကုန်း ၊  ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌   ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှစတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များစစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီး အမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအားပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် စတင်မဲပေးနိုင်ကြောင်း မဲရုံမှူးများမှ ကြေညာခဲ့သည်။

မဲရုံဖွင့်လှစ်ချိန်မှစတင်ကာ မဲရုံအသီးသီး မဲရုံစတင်ဖွင့်လှစ်ကြောင်း၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် အတွင်း၊ အပြင် လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။    

ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၅၃၈၄၇)ဦး၊ မ (၆၀၆၀၂)ဦး၊ စုစုပေါင်း (၁၁၄၄၄၉ )ဦးရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၀)အုပ်စု၌ မဲရုံပေါင်း (၁၁၉)ရုံဖွင့်လှစ်ကာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)