ချောင်းဦး ၊ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်း(၂)အဖြစ် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ကျင်းပရာ သက်ဆိုင်ရာမဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။ယနေ့နံနက် ၆ နာရီမထိုးမီ မဲရုံမှူးမှ မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များရှေ့တွင် မဲပေးစက် (MEVM)အားစစ်ဆေး၍ လုံခြုံရေးကြိုးများ ချည်နှောင်ပြီး နံနက် ၆ နာရီတိတိတွင် မဲရုံဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။ ကြိုတင်ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးရန် တစ်ဦးချင်းတန်းစီ၍ ဆန္ဒမဲပေးခဲ့သည်။ လာရောက်ကြသည့် မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် မဲရုံအပြင်စည်းတာဝန်ယူထားသူများမှ ကူညီဆောင်ရွက်ပေး၍ မဲရုံအတွင်းမှ မဲရုံအဖွဲ့ဝင်များမှလည်း မိမိတို့တာဝန်များကို ဆောင်ရွက်ပေးခဲ့သည်။ချောင်းဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်အတွင်း ကျင်းပပြုလုပ်ရာ မဲရုံ ၁၂ ရုံရှိပြီး သက်ဆိုင်ရာမဲရုံများသို့ လာရောက်မဲပေးကြသူများပြားကြောင်း၊ မြို့ပေါ် ၆ ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ ၁၉၈၅၀ ဦးရှိကြောင်း၊ မဲရုံများကို ညနေ (၄)နာရီအချိန် ပိတ်သိမ်းကာ မဲပေးစက် (MEVM)အတွင်းမှ ဆန္ဒမဲများအား ပြည်သူများရှေ့ ပွင့်လင်းမြင်သာစွာ စီစစ်ရေတွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment