ကန်ကြီး‌ထောင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ကြီး‌ထောင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး


 

ကန်ကြီးထောင့် ၊  ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်၌ ပြည်သူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှစတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များစစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီး အမှတ်အသားများ၊ မဲပေးချက်ဖော်ပြစက်တွင်မရှိကြောင်း မဲရုံကိုယ်စားလှယ်များအား ပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေငြာခဲ့သည်။

မဲရုံဖွင့်လှစ်ချိန်မှစတင်ကာ မဲရုံအသီးသီး၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် အတွင်း၊ အပြင် လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့်  မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၅၉၂၀၆)ဦး၊ မ (၆၄၇၁၀)ဦး၊ စုစုပေါင်း (၁၂၃၉၁၆)ဦးရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၀)အုပ်စု၌  မဲရုံပေါင်း (၁၂၃)ရုံ ဖွင့်လှစ်ကာ ပြည်များ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၉)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)