မင်းလှမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်များ စနစ်တကျ စတင်မဲပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်များ စနစ်တကျ စတင်မဲပေးလျက်ရှိ



မင်းလှ ၊ ဇန်နဝါရီ ၁၁

ါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိ‌ကြောင်းသိရသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအားပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးကမဲရုံစတင်ဖွင့်လှစ်  ကြောင်းကြေညာပေးခဲ့ပြီး မဲရုံဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုမဲပေးလျက်ရှိကြောင်း၊ မဲရုံအလိုက် တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များကမဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာမဲပေးနိုင်ရေးအတွက်လိုအပ်သည့်ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ပေါက်စ(မင်းလှ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)